Padamyar FM Application Free Download

  • ခန္ဓာကိုယ်အလေးချိန် လျော့ကျလိုသူတွေအနေနဲ့ တစ်နေ့ကို လိမ္မော်ရည် ၃ ခွက်သောက်သုံးပေးပါ။   ၃ ပတ်အကြာမှာ သင့်ရဲ့ ကိုယ်အလေးချိန် ၂၁ % လျော့ကျသွားပါလိမ့်မယ်။

  • နံနက်အိပ်ရာထချိန် အစာမစားမီ ဆားရည်သောက်ပေးခြင်းဖြင့် ၀မ်းပျော့စေနိုင်ပါတယ်။

  • ခန္ဓာကိုယ်ပေါ်မှာ ကြွက်နို့ပေါက်သူများအနေနဲ့ ပထမဦးဆုံး ကြွက်နို့ကို အပ်ဖြင့်အနည်းငယ်ဆွပြီး အပေါက်လေးဖြစ်လာပါက ကြောင်နှုတ်ခမ်းမွှေးစိုက်ပြီး ပက်တီးစီကာ ၃ ရက်ခန့်အုန်ထားပေးပါ။ ကြွက်နို့် ကျိန်းသေပျောက်ကင်းပါလိမ့်မယ်။

  • အာလူးက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

  • တောင်ပို့ ဆက်မကြီးရအောင် ကြက်သွန်ဖြူကိုထိပ်ဖြတ်ပြီး တောင်ပို့အပေါက်ကို ပိတ်ထားလိုက်ပါ။

  • အစားအသောက်တွေကို ဖုံးထားတဲ့ ပလတ်စတစ်ကြည် အစပျောက်နေရင် သွားပွတ်တံအဟောင်းနဲ့ တဖြည်းဖြည်း ပွတ်တိုက်ပြီးရှာပါ။

  • ပန်းသီးစားခြင်းဖြင့် ကိုလက်စထရောကို လျော့ကျစေပြီး သွေးကြောပိတ်ဆို့မှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

  • နှာခေါင်းသွေးလျှံပါက ဆားရည်စိမ်ထားတဲ့ဂွမ်းကို နှာခေါင်းထဲသွင်းထားပေးရင် သွေးထွက်ခြင်းကို တိတ်စေပါတယ်။

  • မက်စကာရာသုံးသူတွေအနေနဲ့ မျက်လုံးအတွင်းပိုးဝင်တာမျိုး မဖြစ်ရအောင် မျက်တောင်ကော့ဆေးရည် ကို ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ပါ။

  • ကိုယ်ဝန်ဆောင်မိခင်ရဲ့ ပါးစပ်ထဲမှာ ဘတ်တီးရီးယားပိုးတွေ ရှိနေရင် သွေးကြောကနေတဆင့် ဗိုက်ထဲက သန္ဓေသားဆီရောက်သွားနိုင်တာကြောင့် ခံတွင်းသန့်စင်နေအောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။

Highlight Program

Career Opportunities

Flying Melody